တောင်သာ နိုဝင်ဘာလ ၁၂
မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်တွင် ဒုတိယအကြိမ် မဲစာရင်းများပြည့်စုံမှန်ကန်စေရေး စိစစ်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ယမန်နေ့ နံနက် ၉ နာရီအချိန်က တောင်သာမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မြို့နယ်အတွင်းရှိ အသက် (၁၈)နှစ်နှင့်အထက် လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် စိစစ်ခြင်းလုပ်ငန်းများအား ပထမနေ့တွင် ဆောင်ရွက်ခဲ့ကြသည်။
ယင်းသို့ဆောင်ရွက်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်စာရေးများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများ၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲဝင်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ စုစုပေါင်း(၅၀)ဦးခန့် တက်ရောက်ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့စိစစ်ဆောင်ရွက်နေမှုများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟန်သူရနှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဝင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များ လမ်းညွှန်မှာကြား၍ လုပ်ငန်းအဆင်ပြေစေရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ကျော်မျိုးနိုင်(တောင်သာ)