ပုဂံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ညောင်ဦး နိုဝင်ဘာ ၁၂

ကျောင်းသားလူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ညောင်ဦးမြို့နယ်၊ ပုဂံမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ စုပေါင်းခန်းမ၌ နိုဝင်ဘာ ၁၂ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲ အချိန်က လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ညောင်ဦးမြို့နယ်ပညာရေးမှူး ဒေါ်တင်အေးသန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ ဒေါ်ရည်မွန်သူက ကျောင်းသားလူငယ်များအား အသိပညာ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသား၊ ကျောင်းသူများအား မှတ်သားလိုက်နာသင့်သည့် “ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ သိကောင်းစရာများ၊ မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းအရာများနှင့် လူငယ်များ ကျောင်းစာသာမက ပြင်ပစာပေများကိုလည်း လေ့လာဖတ်ရှုမှတ်သားစေလိုကြောင်း” စသည့် အကြောင်းအရာများ ဟောပြောခဲ့ကြောင်း သိရသည်။

ဒီပါလင်း