တာလေ ဩဂုတ် ၅
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အခြေခံ စားသုံးကုန်ပစ္စည်းများကို Home Quarantine ၂၁ ရက် ပြုလုပ်ထားသော နေရပ်ပြန် ပြည်သူများအား ယမန်နေ့ မွန်းလွဲပိုင်း က ထောက်ပံ့ပေးအပ် ခဲ့ကြောင်းသိရသည်။
ယင်းသို့ ထောက်ပံ့ပေးအပ်ရာတွင် တာလေမြို့ ကိုဗစ်-၁၉ ရောဂါစောင့်ကြည့်စစ်ဆေးရေး ကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကိုနှင့် တာဝန်ရှိသူများက Home Quarantine ၂၁ ရက် ပြုလုပ်ထားသော ကာလအတွင်း မီးဖိုစောင်သုံး စားသုံးကုန် ပစ္စည်းများကို တာလေမြို့ အမှတ် ၁ ရက်ကွက်တွင်း နေထိုင်သူအမျိုးသား ၂ ဦးအတွက် အခြေခံစားသုံးကုန် ပစ္စည်း ၅ မျိုးဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နှင့် ကုလားပဲ တို့ကို အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အောင်ကျော်မိုး (ပြန်/ဆက်)