တီးတိန်မြို့၌ အသိပညာပေးဟောပြောပွဲ ပြုလုပ်

တီးတိန် နိုဝင်ဘာ ၆

ချင်းပြည်နယ်၊ တီးတိန်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရည်ရွယ်လျက် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အ‌ခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်ငိုင်ဆောမ်းညောင်က အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဒိုင်းခန့်ဒိမ့်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ခံ ဒေါ်ကျိန်ခန့်ဒိမ့်နှင့် အထက်တန်းပြဆရာမ ဒေါ်ညောင်းငိုက်လွန်းတို့က လူငယ်နှင့်စာရိတ္တ၊လူငယ်နှင့်အားကစား၊ လူငယ်နှင့်မြတ်ပညာစသည့် ခေါင်းစဉ်များဖြင့် အသီးသီးဟောပြောကြသည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ‌ နယ်လည့်စာကြည့်တိုက်ဆောင်ရွက်ရာ ကျောင်းသား ကျောင်းသူများက စာအုပ်စာစောင်များက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)