ဟားခါးမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၇)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်း

ဟားခါး  နိုဝင်ဘာ  ၅

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၇)နှစ်မြောက်နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ပြည်နယ်/ ခရိုင်/ မြို့နယ်ရုံး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက စုပေါင်းသွေးလှူဒါန်းပွဲကို နိုဝင်ဘာ ၅ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့ ချင်းပြည်နယ် ကျန်းမာရေးဦးစီးဌာနရုံး၌ကျင်းပရာ ပြည်နယ်/ ခရိုင်/ မြို့နယ်ရုံးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက စုပေါင်းသွေးလှူဒါန်းကြသည်။

သွေးလှူဒါန်းပွဲသို့ ခေတ္တပြည်နယ်ဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ စီးပွားရေးရာဝန်ကြီး ဒေါက်တာလျန်ဇခုပ်၊ သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှနှင့်  ခေတ္တပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဆွေးတို့က ကြည့်ရှုအားပေးပြီး သွေးလှူဒါန်း သည့်ဝန်ထမ်း ( ၈ ) ဦးကို ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက အာဟာရဖြည့်အစားအစာနှင့် ထောက်ပံ့ငွေကျပ် ၅၀၀၀၀ စီ ပေးအပ်ပြီး ကျန်းမာရေးဝန်ထမ်းများအတွက် ပြည်နယ်အုပ်ချုပ်ရေးမှူးက ထောက်ပံ့ပစ္စည်းများပေးအပ်ရာ ပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ချမ်းငြိမ်းမောင်က လက်ခံရယူခဲ့ ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်