တန်ဆောင်မုန်းလပြည့်နေ့တွင် မြတ်စွာဘုရားရှင်အား ဆီမီးမျှောပူဇော်

မိုင်းယောင်း နိုဝင်ဘာ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ရှေးဟောင်းသမိုင်းဝင် ဓါတ်လုံစေတီတော် ပရိဝုဏ်ရှိ နမ့်ယောင်းချောင်း၌ တန်ဆောင်မုန်းလပြည့်နေ့တွင် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဆီမီးမျှောပူဇော်ခဲ့ကြောင်း သိရသည်။

ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝေမောင်နှင့် ဇနီး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့်ဇနီး၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များက မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဆီမီးမျှောပူဇော်ခြင်း၊ ဆီမီး ၁၀၀၀ ထွန်းညှိပူဇော်ခြင်းနှင့် မီးပုံးပျံလွှတ်တင်ခြင်းကို ပူဇော်ဆောင်ရွက်ကြကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း