တောင်ကြီးတန်ဆောင်တိုင်ပွဲတော် နေ့လွှတ်အရုပ်မီးပုံးပျံ ပြိုင်ပွဲ (၈)ရက်မြောက်နေ့ ဆက်လက်ယှဉ်ပြိုင်

တောင်ကြီး  နိုဝင်ဘာ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် နေ့လွှတ်အရုပ်မီးပုံးပျံပြိုင်ပွဲအား အောက်တိုဘာ ၂၇ ရက်နေ့မှစတင်ကျင်းပလျက်ရှိရာ၊အဆိုပါ ပြိုင်ပွဲ()ရက်နေ့မြောက်နေ့အဖြစ် အဝေရာကုန်းသာယာ၌ နိုဝင်ဘာ ၃ ရက်နေ့က ဆက်လက်ယှဉ်ပြိုင်လျက်ရှိကြကြောင်း သိရသည်။

ယင်းနေ့ မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့နှင့် မြို့နယ်အတွင်းရှိရိုးရာ မီးပုံးပျံပညာရှင်များက ဖန်တီးပုံဖော်ထားသည့် ခြေနှစ်ချောင်း၊ခြေလေးချောင်းတိရိစ္ဆာန် နေ့လွှတ်အရုပ်မီးပုံးပျံ အကောင်ရေ စုစုပေါင်း(၄၆)လုံးအား အိုးစည်ဗုံ မောင်းများတီးမှုတ်၊ ကခုန်၍ မြိုင်မြိုင်ဆိုင်ဆိုင် ပြိုင်ပွဲဝင် လွှတ်တင်နိုင်ခဲ့ကြသည်။

နေ့လွှတ်အရုပ်ပြိုင်ပွဲအား အောက်တိုဘာ၂၇ရက်နေ့မှ စတင်ကျင်းပလာခဲ့ရာ၊ ယနေ့ပြိုင်ပွဲ ၈ ရက်နေ့မြောက်အထိ အလုံးရေစုစုပေါင်း (၃၁၉)လုံး ပြိုင်ပွဲကျင်းပပြီးစီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

နေ့လွှတ်အရုပ်များအား ပွဲတော်နောက်ဆုံးရက်နေ့အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး၊ ပြိုင်ပွဲကွင်းအတွင်း အမြို့မြို့အနယ်နယ်မှ လာရောက်ကြည့်ရှုကြသူများဖြင့် နေ့စဉ် စည်ကားလျက်ရှိကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)