သန်လျင်မြို့နယ် ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်မြတ်ကြီး၌ (၄၀)ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ်ယှဉ်ပြိုင်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန် နိုဝင်ဘာ ၄

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်မြတ်ကြီး၌ (၄၀)ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ်ယှဉ်ပြိုင်ပွဲအခမ်းအနားကိုယမန်နေ့ ညနေ ( ၄)နာရီခွဲ အချိန်က ကျင်းပခဲ့သည်။

ရှေ့ဦးစွာ သန်လျင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဌဒုတိယဗိုလ်မှူးကြီးတင်ကိုကိုမှ အဖွင့်အမှာစကားပြောကြားပြီး ကျိုက်ခေါက်ဂေါပကမှ မသိုးသင်္ကန်းရက်ပြိုင်ပွဲ ကျင်းပခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက်  ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး တင်ကိုကို၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးတင့်၊ ခရိုင်သာသနာရေးမှူး၊ သန်လျင်ပြည်သူ့ဆေးရုံဆရာ ဝန်ကြီးများ၊ ကျိုက်ခေါက်ဂေါပကမှ တာဝန်ရှိသူများက  ရက်ကမ်းအလှူရှင်များအား မှတ်တမ်းတင်ဂုဏ်ပြုကတ်များ ပေးအပ်ခဲ့ပြီးအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကူးခဲ့ကြပြီးနောက် ယက္ကန်းစင်ပြိုင်ပွဲဝင်များမှ ပြိုင်ပွဲဝင်နေမှုကို လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။

အခမ်းအနားသို့ သန်လျင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဒုတိယ ဗိုလ်မှူးကြီး တင်ကိုကို၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ သန်လျင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးတင့်နှင့်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ ကျိုက်ခေါက်ဂေါပကဥက္ကဋ္ဌ ဦးကျော်မိုးကြည်နှင့်ဂေါပကအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ဧည့်ပရိသတ်များ တက်ရောက်ခဲ့ကြောင်းသိရသည်။

ဖြိုးသီဟ(သန်လျင်)