မိုင်းခတ်မြို့နယ်၌ အကြိမ်(၄၀)မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် လှည့်လည်ပူဇော်ပွဲကျင်းပ

မိုင်းခတ် နိုဝင်ဘာ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ အကြိမ်(၄၀)မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် ပဒေသာပင် လှည့်လည်ပူဇော်ပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က စုရပ်ဖြစ်သော မြို့လယ်ပန်းခြံရှိ လွတ်လပ်‌ရေးကျောက်တိုင်ကွင်းမှ တစ်ဆင့်အလှည့်ကျ‌ကျောင်းဖြစ်သော အမှတ်(၂)ရပ်ကွက် နောင်မိုပရိယတ္တိကျောင်းတိုက်သို့ စည်ကားသိုက်မြိုက်စွာ လှည့်လည်ပူဇော်ခဲ့ကြသည်။

ထိုသို့ လှည့်လည်ပူဇော်ရာတွင် မိုင်းခတ်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး အေးထွန်းနှင့် ဌာနဆိုင်ရာများ၊ အခြေခံပညာအထက်တန်းကျောင်း(မိုင်းခတ်)မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မိုင်းခတ်မြို့ပေါ်ရှိ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်တို့မှ စေတနာရှင်၊ အလှူရှင်များလိုက်ပါ၍ စုရပ်ဖြစ်သောမြို့လယ်ပန်းခြံရှိ လွတ်လပ်‌ရေးကျောက်တိုင်ကွင်းမှတစ်ဆင့် မင်းရန်အောင်လမ်းအတိုင်း မိုင်းခတ်မြို့ အမှတ်(၂)ရပ်ကွက် နောင်မိုပရိယတ္တိကျောင်းတိုက်သို့ရောက်ရှိ၍ ပဒေသာပင်များအား ပူဇော်ခံထားရှိခဲ့ကြပြီး စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာရေစက်ချ အခမ်းအနားကို နိုဝင်ဘာလ ၄ ရက် တန်ဆောင်မုန်းလပြည့်နေ့ နံနက်(၉)နာရီတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)