မိုင်းဖြတ် နိုဝင်ဘာ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် အမှတ်(၁၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ တာလေ တပ်နယ်မိသားစု၏ စုပေါင်းမဟာဘုံကထိန် ရေစက်ချ အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို)ကျောင်းတိုက်ရှိ မင်္ဂလာသီရိကျောင်းဆောင်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို) ကျောင်းတိုက် ပဓာနနာယကဆရာတော်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တနန္တောဘာသထံမှ စစ်ဆက်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သန့်လွင်စိုနှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။
ယင်းနောက် သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈယ်ခဲ့သည်။ ဆက်လက်၍ သံဃာတော်အရှင်သူမြတ်တို့အား ဗိုလ်မှူးကြီး သန့်လွင်စိုးမိသားစုနှင့် အလှူရှင်များက ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တနန္တောဘာသထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချ အနုမောဒနာတရားကို နာယူကြည်ညိုခဲ့ကြသည်။ ထို့နောက် ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ပြီး ရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကာ သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခြင်း၊ ဧည့်ပရိသတ်များကို နေ့လယ်စာတို့ဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)