ကျောက်ဆည်မြို့နယ် စားအုန်းဆီတစ်ပိဿာ (၇၆၉၀) ကျပ်ဖြင့် ပိဿာ (၂၂၀) ရောင်းချပေး

ကျောက်ဆည် နိုဝင်ဘာ ၂

ကျောက်ဆည်နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းဖြစ်သည့် စားသုံးဆီ အခက်အခဲမဖြစ်စေရေး ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းဝင် စားသုံးဆီအရောင်းဆိုင်များမှ စဉ်ဆက်မပြတ် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း၍ စားအုန်းဆီ တစ်ပိဿာ ကျပ် (၇၆၉၀) ဖြင့် (၅၀၈) ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချရာ၌ အေးမြကြည်လင်ရပ်ကွက်ပြည်သူများအတွက် ဒေါ်ဇာဇာခိုင် (ဗိုလ်တထောင်) စားသုံးဆီလက်လီလက်ကားအရောင်းဆိုင်မှ စားအုန်းဆီ ပိဿာ (၁၁၀)၊ တောင်နောက်၊ ချောင်းဆုံကျေးရွာ ပြည်သူများအတွက် ဒေါ်သီတာ(စစ်ငြိမ်း) စားသုံးဆီလက်လီလက်ကားအရောင်းဆိုင်မှ ပိဿာ (၁၁၀) အသီးသီးရောင်းချပေးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)