အမရပူရ နိုဝင်ဘာ ၂
အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ် နေ့သင်တန်း၏ (၂၆)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို နိုဝင်ဘာ ၂ ရက် နံနက် ၉ နာရီက မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ တက္ကသိုလ်ပညာရေးအဖွဲ့ဝင်များ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ဌာနမှူး(သင်တန်းရေးရာဌာန)၊ မော်ကွန်းထိန်း(ကျောင်းသားရေးရာဌာန)၊ ဖိတ်ကြားထားသူများ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘဆွေမျိုးများ တက်ရောက်ကြသည်။
အစီအစဉ်အရ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ ဥပဒေဘွဲ့၊ ဝိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့၊ သိပ္ပံ(ဂုဏ်ထူး)ဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့၊ မဟာသိပ္ပံဘွဲ့၊ မဟာဥပဒေဘွဲ့နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် စာကြည့်တိုက်နှင့် သုတပညာ ဘွဲ့လွန်ဒီပလိုမာဘွဲ့ အသီးသီးအတွက် အောင်မြင်ခဲ့ကြသည့် မောင်မယ်များအား ဘွဲလက်မှတ်များအပ်နှင်းပြီး ဘွဲ့နှင်းသဘင် မိန့်ခွန်းမြွတ်ကြားသည်
အဆိုပါ (၂၆)ကြိမ်မြောက်ဘွဲ့နှင်းသဘင်ကို အစမ်းလေ့ကျင့်ရက် အပါအဝင် နိုဝင်ဘာလ ၁ ရက်မှ ၃ ရက်အထိ အပိုင်း ၄ ပိုင်းခွဲပြီး တက်ရောက်ဘွဲ့ ၁၂၉၈ ဦး၊ အဝေးရောက်ဘွဲ့ ၁၅၃ ဦး စုစုပေါင်း ၁၄၅၁ ဦးကို ဘွဲ့အပ်နှင်းသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးသီဟ(အမရ)