ပြည်ကြီးတံခွန် နိုဝင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ (င)ရပ်ကွက်၌ မီးလောင်မှု/မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် ယနေ့နံနက် ၈ နာရီခွဲအချိန်က မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦး ဦးဆောင်၍ (င)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ သန္ဓေအရန် အင်အား(၃၅)ဦးတို့ဖြင့် (င)ရပ်ကွက်ရှိ အိမ်ခြေ (၁၄၃) အိမ်ခန့်အား တစ်အိမ်တက်ဆင်းစစ်ဆေး၍ မီးသုံးစွဲမှုများနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်/မီးကပ်/ရေ/သဲနှင့် မီးသတ်ဆေးဘူးများ ပြည့်စုံစွာ ထားရှိစေရေးမှာကြားပြီး မီးသတိပေး လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင်