ငါန်းဇွန် နိုဝင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကောင်စီ၏ စီမံကွပ်ကဲမှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ယမန်နေ့ နံနက်(၇)နာရီက မြို့ပေါ်ရှိ ရတနာပုံဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်၍ ကာယဒါန ကုသိုလ်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ငါန်းဇွန်မြိုနယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးမင်းသိန်း၏ စီမံကွပ်ကဲမှုဖြင့် ငါန်းဇွန်မြို့၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် ယမန်နေ့ နံနက်(၇)နာရီအချိန်က ငါန်းဇွန်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ရတနာပုံ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ ရုံးပိတ်ရက်တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်လျက် ကာယဒါန ကုသိုလ်ပြုလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ကိုကိုနိုင်(ပြန်/ဆက်)