ဆီဆိုင်မြို့၌ (၂၉)ကြိမ်မြောက် ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကျင်းပ

ဆီဆိုင်          နိုဝင်ဘာ       

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော(၂၉)ကြိမ်မြောက် ဌာနဆိုင်ရာ ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ယမန်နေ့နံနက် နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

စုပေါင်းမဟာဘုံကထိန်ပွဲတော် ပဒေသာပင်များအား ဆီဆိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့မှ မြို့မစျေးတစ်ပတ်လှည့်လည်ပြီး ဟိုခဲရပ်ကွက်ရှိ ဥတ္တရာရုံကျောင်းတိုက်၌ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တကေသရနှင့် သံဃာတော်များထံမှ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကောင်မတီအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ကျော်ရန်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့မှ အရာရှိနှင့် တပ်ဖွဲ့မိသားစုဝင်များ၊ ဒေသခံစေတနာရှင် ပြည်သူများတို့က ဩကာသကန်တော့ချိုးဖြင့်ကန်တော့၍ ငါးပါးသီလနှင့် ပရိတ်တရားတော်များကို နာယူဆောက်တည်ကြသည်။

မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကောင်မတီအဖွဲ့ဥက္ကဋ္ဌနှင့် တက်ရောက်လာသူများမှ ဆရာတော်၊ သံဃာတော်များအား ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီးနောက် ကထိန်အနုမောဒနာတရားတော် နာယူကာ လှူဒါန်းမှု အစုစုတို့ကို ရေစက်သွန်းချအမျှပေးဝေပြီး ဆရာတော်၊ သံဃာတော်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အဆိုပါ စုပေါင်းမဟာဘုံကထိန်ပွဲတော်တွင် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ မိသားစု၀င်များ၊ ဒေသခံစေတနာရှင်ပြည်သူများ၏ ပစ္စည်းတန်ဖိုး (၉,၃၂၄,၉၅၀)ကျပ်၊ ငွေသားတန်ဖိုး (၅,၄၃၅,၈၀၀)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၂၄,၇၆၀,၇၅၀)ကျပ်ကို စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)