တိုက်ကြီး အောက်တိုဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်အတွင်းသို့ ရောက်ရှိနေထိုင်လျက်ရှိသော ယာယီနေရပ်စွန့်ခွာပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ပေးသည်။
ထို့သို့ ဆောင်ရွက်ပေးခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်စိုးကြီးကြပ်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တိုက်ကြီးမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းဆွေဦးဆောင်၍ လဝကဝန်ထမ်းများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဆုနန္ဒာလှိုင်တို့ ပူးပေါင်းကာ တိုက်ကြီးမြို့နယ်အတွင်းသို့ ရောက်ရှိနေထိုင်လျက်ရှိသော ယာယီနေရပ်စွန့်ခွာပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို One Stop Service (OSS) စနစ်ဖြင့် ဆောင်ရွက်ပေးခဲ့ပြီး အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအား ခရိုင်ဦးစီးမှူး ဦးသန်းထွဋ်အောင်က ကြည့်ရှုအားပေးကာ လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)