ပလောက် အောက်တိုဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ နန်းတောင်ကျေးရွာ၌ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ မြန်မာ အီလက်ထရောနစ် (MEVM) မဲပေးစက်အသုံးပြု၍ ဆန္ဒမဲပေးခြင်း ဆိုင်ရာများအသိပညာပေးခြင်းကို အောက်တိုဘာလ ၂၈ ရက်နေ့ နေ့လယ် ၂နာရီ အချိန်ကနန်းတောင်ကျေးရွာ၊အမကကျောင်းခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။
ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် ပုလောမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦး နေဝင်းကအဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၊ ရွေးကောက်ပွဲအရာရှိ ဦးကျော်လွင်က မြန်မာအီလက်ထရောနစ် (MEVM) စနစ်ဖြင့်အသုံးပြု၍ မဲပေးရခြင်း၏ ရည်ရွယ်ချက်၊ မဲပေးစက် ဖွဲ့စည်းတည်ဆောက်ပုံနှင့်ပါဝင်သည့် ဆက်စပ်ပစ္စည်းများ၊ မဲပေးစက်များကို ကိုင်တွယ်အသုံးပြုခြင်း၊ မဲရလဒ်များ၊ မဲပေးစက် အသုံးပြုခြင်း၏ အကျိုးကျေးဇူးများကိုရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသည့်ကျေးရွာ နေမဲဆန္ဒရှင် ပြည်သူများက မြန်မာအီလက် ထရောနစ် (MEVM) မဲပေးစက် အသုံးပြု၍မဲပေးခြင်း၊ မဲရလဒ်များထုတ်ယူကြည့်ရှု စစ်ဆေးခြင်းစသည့် မဲပေးပုံအဆင့်ဆင့်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပလောက်(ပြန်/ဆက်)