ကိုကိုးကျွန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အရုပ်ခေါက်နည်း၊ ဂိမ်းကစားနည်းများပြုလုပ်

ကိုကိုးကျွန်း   အောက်တိုဘာ ၂၉

ကိုကိုးကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်အရုပ်ခေါက်နည်း၊ ဂိမ်းကစားနည်းများကို ယမန်နေ့ ညနေ(၃)နာရီအချိန်ကပြုလုပ် ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာကိုကိုးကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြင့်သူမှပြိုင်ပွဲ ပြုလုပ်ရခြင်းအကြောင်းကိုရှင်းလင်းပြောကြားခဲ့ပြီး ကလေးများအားစာဖတ်ပြခြင်း၊ ကဗျာရွတ်ပြခြင်း၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ဖို့ ဂိမ်းကစားခြင်းများပြုလုပ်ပေးရာ ကိုကိုးကျွန်းအခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက ပျော်ရွှင်စွာဖြင့် ကစားခဲ့ကြကြောင်းသိရသည်။

ကိုကိုးကျွန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ စိတ်ပျော်ရွှင်ကြည်နူးစေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် လူငယ်အသိပညာပေးပွဲ၊ ပုံပြောပြိုင်ပွဲ၊ ဆေး‌ရောင်ခြယ်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများ၊ အရုပ်ခေါက်နည်း၊ ဂိမ်းကစားနည်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ထွန်းထွန်းဇော် (ပြန်/ဆက်)