ပုလော အောက်တိုဘာလ ၂၉
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၈ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်က ပုလောမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပုလောမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးဇော်မင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပုလောမြို့နယ် ပညာရေးမှူး ဒေါ်စန်းစန်းဌေးက မိဘဆရာပူးပေါင်း ကလေးပညာကောင်းဆိုတဲ့ ဆောင်ပုဒ်နှင့်အညီကျောင်းသား၊ ကျောင်းသူများရဲ့ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာပြည့်ဝရေး၊ ကျောင်းတက်မှန်ကန်ရေး၊ ကျောင်းနေမြဲရေးနှင့် အခြေခံပညာပြီးဆုံးသည့် အထိပညာသင်ယူနိုင်ရေးအတွက် မိဘနှင့်ဆရာ အမြဲပူးပေါင်းဆောင်ရွက်သွားမှသာ ကလေးများရဲ့အနာဂတ်စိတ်ချရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ Grade-1 မှ Grade-12 အထိ ထူးချွန် ကျောင်းသား၊ ကျောင်းသူ ၁၀၆ ဦး၊ ကျောင်းတက်ရက်မှန် နှင့် ဘာသာရပ်သင် ထူးချွန်ဆု ဆရာ၊ ဆရာမ ၄၆ ဦး စုစုပေါင်း ၁၅၃ ဦးကို မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး၊ ကျောင်းသား၊ ကျောင်းသူများက ပညာလမ်းမို့ တို့ပျော်သည်၊ အဖြူရောင်သံစဉ်၊ ခါးလှည့်ကွင်းစွမ်းရည် အက၊ ဗုဒ္ဓပူဇနိယ ၊ မြပန်းခွေ၊ အ အက္ခရာ အောင်ပါစေ၊ အနာဂတ်ကို ပိုင်စိုးသူ စသည့် တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ မိဘများက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပုလော (ပြန်/ဆက်)