ကွမ်းခြံကုန်းမြို့နယ်တွင်မျိုးစေ့ချကိရိယာ(Seeder)ဖြင့်စိုက်ပျိုးထားသော မိုးစပါးစံကွက်ရိတ်သိမ်း 

ကွမ်းခြံကုန်းမြို့ အောက်တိုဘာ   ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကွမ်းခြံကုန်းမြို့နယ်၌ မျိူးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးထားသော မိုးစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားကို ယမန့်နေ့က အင်္ဂလုံးကျေးရွာအုပ်စု ကွင်းအမှတ် (၃၈၁) ဧရိယာ၅ဧကရှိတောင်သူဦးမြင့်ဦး၏ လယ်မြေ၌ စံကွက်ရိတ်သိမ်းပွဲကျင်းပသည်။

အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးချန်ဖီယာန်က မျိုးစေ့ကိရိယာအသုံးပြုခြင်း အကျိုးကျေးဇူးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးကြည်စိန်က စပါးစိုက်ပျိုးနည်းအဆင့်ဆင့်နှင့်   မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးခြင်းဆိုင်ရာများအား တောင်သူများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် တောင်သူဦးမြင့်ဦး၏ ကွင်းအမှတ်(၃၈၁)၊ဦးပိုင်အမှတ်( ၅၆/၁ )ရှိ၊ လယ်မြေ ၅ဧက မိုးစပါးစံကွက်ရိတ်သိမ်းခြင်းဆောင်ရွက်ရာ တစ်ဧကအထွက်နှုန်းအခြောက် ၁၀၃ ဒသမ ၅၆ တင်း ထွက်ရှိကြောင်း သိရသည်။

ဆွေနွယ်(ပြန်/ဆက်)