မိတ္ထီလာမြို့၌ ၂ဝ၂၅ ခုနှစ်ကိုယ်ပိုင်ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

မိတ္ထီလာ အောက်တိုဘာ ၂၉

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ၂ဝ၂၅ ခုနှစ် ကိုယ်ပိုင်ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲဖွင့်ပွဲ  အခမ်းအနားကို ယမန်နေ့ကပေါက်ချောင်းရပ်ကွက်ရှိ မြို့နယ်အားကစားကွင်း၌  ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲအား ဦးစွာခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဝင်ဦးကျော်ဇေယျ၊ ခရိုင်ပညာရေးမှူးဒေါ်မော်မော်၊ ကိုယ်ပိုင်ကျောင်း ကော်မတီဥက္ကဋ္ဌ ဦးကျော်တင့်၊ အတွင်းရေးမှူးဦးဖိုးသန်းနှင့် အားကစားကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ထွေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် ခရိုင်ပညာရေးမှူးဒေါ်မော်မော်ကအဖွင့်အမှာစကား ပြောကြားသည်။ ကိုယ်ပိုင်ကျောင်း ကော်မတီဥက္ကဋ္ဌ ဦးကျော်တင့်က ကိုယ်ပိုင်ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကျင်းပ ရခြင်းရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားပြီး  ပြိုင်ပွဲဝင်အသင်း ၁၆ သင်းပါဝင်ယှဉ်ပြိုင် သည့်အမျိုးသားဘောလုံးပြိုင်ပွဲကို စတင်ကျင်းပသည်။ အဆိုပါကျောင်းပေါင်းစုံအား ကစားပြိုင်ပွဲတွင် အမျိုးသားဘော လုံးပြိုင်ပွဲ၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဖူဆယ်ပြိုင်ပွဲ နှင့်ကြက်တောင် ရိုက်ပြိုင်ပွဲတို့ပါဝင်ပြီး အားကစားပြိုင်ပွဲများကို အောက်တိုဘာလ ၂၇ရက်နေ့မှ နိုဝင်ဘာလ ၁၆ ရက်နေ့ထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ 

ချမ်းသာ