ပုဇွန်တောင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပုဇွန်တောင် အောက်တိုဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများအပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့်အဖွဲ့ဝင်များသည် ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများအား မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်သည့် တာဝန်ရှိသူများအဖွဲ့သည်  ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးဘတ်ဂျက် ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အမှတ်(၆) ရပ်ကွက်၊ ပုဇွန်တောင် ဈေးရှိ ဈေးရုံ(၃)ရုံအား အမိုးနှင့်ရေတံလျှောက်ပြုပြင်ခြင်းနှင့် ဈေးရုံများအတွင်း လျှပ်စစ်မီးပြန်လည် သွယ်တန်းခြင်းလုပ်ငန်းများ  ရာနှုန်းပြည့်(၁၀၀%)ပြီးစီးမှုအခြေအနေနှင့် ပြည်ထောင်စုဘတ်ဂျက် ခွင့်ပြု ရန်ပုံငွေဖြင့်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အမှတ်(၇)ရပ်ကွက်၊ ပန်းခြံ(ပုဇွန်တောင်) ဓာတ်အားခွဲရုံတွင် 66/11-6.6KV, Indoor GIS ဓါတ်အားခွဲရုံ တည်ဆောက်တပ်ဆင်ခြင်းလုပ်ငန်း (၇၀)%ပြီးစီးမှုအခြေအနေများကို မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဟန်စုယဉ်