မရမ်းကုန်းမြို့နယ်၌ ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှုဖြင့် အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်

မရမ်းကုန်း အောက်တိုဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ် (၁)ရပ်ကွက် ရန်ကင်း​စေတီ ဓမ္မာရုံတွင် ယမန်နေ့နံနက် (၈) နာရီအချိန်က ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှုဖြင့် အထူးကုဆရာဝန်ကြီးများက ပြည်သူများအား ကွင်းဆင်း‌ဆေးကုသပေးခဲ့ကြောင်းသိရသည်။

အဆိုပါကွင်းဆင်းကုသရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရန်ကုန်အထွေထွေ ရောဂါကု ဆေးရုံသစ်ကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီး၊ ကြည့်မြင်တိုင်အရိုးအထူးကုဆေးရုံကြီး၊ နားနှာခေါင်း လည်ချောင်းဆေးရုံကြီး၊ ရန်ကုန်အထူးကုဆေးရုံကြီး (ခုတင်၅၀၀)၊ ရန်ကင်းကလေးဆေးရုံကြီး၊ တက္ကသိုလ်များဆေးရုံ(ရန်ကုန်)နှင့် ရွာသာကြီးစိတ်ရောဂါအထူးကု ဆေးရုံကြီးများမှ အထူးကုဆရာဝန်ကြီးများက အထူးကုပြင်ပလူနာ ၇၈၀ ဦး ကျန်းမာရေးစစ်ဆေး ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် TB mobile Team မှ CXR screening 138 IR(7)Suspect(1)တွေ့ရှိခဲ့ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကျေးအဖွဲ့ဝင်များက ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)