မရမ်းကုန်းမြို့နယ်ကော်မရှင်အဖွဲ့ခွဲဝင်များ လုပ်ငန်းညှိုနှိုင်းအစည်းအဝေး ကျင်းပ

မရမ်းကုန်း  အောက်တိုဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမတွင် အောက်တိုဘာ ၂၇ ရက်နေ့ ညနေ ၃ နာရီက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမင်းသူက ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အကြိုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဒေါ် ရင်နွေဧက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာကြသော မြို့နယ်ကော်မရှင်အဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(မြို့နယ်ပြန်ဆက်)