အမရပူရမြို့ အိုးတော်မူလတန်းလွန်ကျောင်း၌လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင် ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

အမရပူရ အောက်တိုဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ အိုးတော်ရပ်ရှိအိုးတော် အခြေခံပညာမူလတန်း လွန်ကျောင်းတွင် ယနေ့ နံနက် ၁၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်ရေးရာဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကိုပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးဦးညွန့်ဝင်းက ကျောင်းသား၊ကျောင်းသူများကို ဟောပြောပေးသည့်အသိပညာများ သေချာဂရုစိုက်နားထောင်ရန်ပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်း ကကျောင်းသားများ အသိပညာ ဗဟုသုတရရှိစေရန် လူငယ်များသိသင့်သိထိုက် သည့်မူးယစ်အန္တရာယ်အကြောင်း၊ ကျောင်းစာအပြင် ပြင်ဗဟုသုတရရှိစေမည့် စာပေများဖတ်ရှုရန်လိုကြောင်းနှင့် လူငယ်များသိသင့် သိထိုက်သည့်ဗလငါးတန်အကြောင်းများကို အကျယ်တဝင့်ဟောပြောပေးခဲ့သည်။

ဆက်လက်ပြီးတက်ရောက်လာ သောကျောင်းသူလေးများက ပြသထားသော စာအုပ်စာစောင် များနှင့်နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ ကြောင်းသိရသည်။ ယနေ့ဟောပြော ပွဲတွင် ကျောင်းသားကျောင်းသူ ၂၀၀ ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

စိုးသီဟ(အမရ)