အဖျောက်မြို့၊ အနှိုင်းမဲ့ကိုယ်ပိုင်အထက်တန်းကျောင်း၌ မီးဘေးလုံခြုံရေး စစ်ဆေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ

တိုက်ကြီး အောက်တိုဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့ရှိ အနှိုင်းမဲ့ကိုယ်ပိုင်အထက်တန်းကျောင်း၌ မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇင်သက်ထူး ကြီးကြပ်မှုဖြင့် အဖျောက်နယ်မြေမီးသတ်စခန်းတာဝန်ခံ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဇင်ကို ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် လေးဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် သုံးဦး၊ အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းတို့ ပူးပေါင်းအဖွဲ့က အနှိုင်းမဲ့ကိုယ်ပိုင်ကျောင်း မီးဘေးလုံခြုံရေးအတွက် စာသင်ခန်း၊ အဆောင်များအား လိုက်လံစစ်ဆေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ မီးတောက်မီးလျံများအား မီးသတ်ဆေးဗူးဖြင့် မီးငြှိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)