သာကေတမြို့နယ်လုံးဆိုင်ရာ ပထမအကြိမ် မြတ်ဆရာကန်တော့ပွဲ လူငယ်စင်တာတွင် ကျင်းပ

သာကေတ အောက်တိုဘာ ၂၇

သာကေတမြို့နယ်လုံးဆိုင်ရာ “ပထမအကြိမ်” မြတ်ဆရာပူဇော်ပွဲကို အောက်တိုဘာ ၂၆ ရက် နံနက် ၉ နာရီက သာကေတမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးလူငယ်စင်တာတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးဌေးအောင်၊ ဗိုလ်တထောင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်နှင့် အဖွဲ့ဝင်များ ၊ခရိုင်ပညာရေးမှူး ဒေါက်တာခင်သူဇာစိန်၊ သာကေတမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းနုနုကြည်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့် လူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် ကော်မတီဝင်များ၊ သာကေတမြို့နယ်အတွင်းရှိ ကန်တော့ခံ ဆရာကြီး/ ဆရာမကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က ဂါရဝပြုပီတိစကားပြောကြားပြီး သာကေတမြို့နယ်လုံးဆိုင်ရာ ပထမအကြိမ် မြတ်ဆရာပူဇော်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ဗိုလ်တထောင်ခရိုင်ပညာရေးမှူး ဒေါက်တာခင်သူဇာစိန်က ဝမ်းမြောက်မုဒိတာစကားပြောကြားသည်။ ထို့နောက် ကန်တော့ခံဆရာကြီး/ ဆရာမကြီး (၁၅၃) ဦးအား တက်ရောက်လာကြသည့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများမှ ရှိခိုးကန်တော့ပူဇော်ခံလက်ဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြပြီး ကန်တော့ခံဆရာကြီး/ ဆရာမကြီးများကိုယ်စား ဆရာမကြီး ဒေါ်တင်တင်ခိုင်နှင့် ဆရာကြီးဦးစိုးဝင်းတို့က ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားခဲ့သည်။

အခမ်းအနားတွင်အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူများက တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြပြီး ဦးငြိမ်းချမ်းနှင့် အဖွဲ့က အငြိမ့်ဖြင့် ဂုဏ်ပြုဂါရဝဖျော်ဖြေကပြခဲ့ကြကြောင်း သိရသည်။

အိရွှေစင်လတ်