ငါန်းဇွန် အောက်တိုဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ မြို့နယ်လူဝန်မှုကြီးကြပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းများသည် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စာရေးများနှင့် ပူးပေါင်းလျက် ယနေ့နံနက် (၁၀) နာရီ အချိန်ကစ၍ အမှတ်(၁)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးနှင့် အမှတ်(၂)ရပ်ကွက်၊ အမကကျောင်းတို့၌ ပြည်သူများ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေဘဲ ဆန္ဒမဲပေးနိုင်စေရေးအတွက် နိုင်ငံသား မှတ်ပုံတင်ကတ် ပျောက်ဆုံး/ပျက်စီးနေသူများအား ရပ်ကွက်/ကျေးရွာအရောက် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ မြို့နယ်လူဝန်မှုကြီးကြပ်ရေးဦးစီးဌာနရုံး ဝန်ထမ်း များသည် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စာရေးများနှင့် ပူးပေါင်းလျက်ပြည်သူများ နိုင်ငံသား အခွင့်အရေးမဆုံးရှုံးစေဘဲ ဆန္ဒမဲပေးနိုင်စေရေးအတွက် နိုင်ငံသားမှတ်ပုံတင်ကတ် ပျောက်ဆုံး/ ပျက်စီးနေသူများအား ရပ်ကွက်/ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီအချိန်ကစ၍ ငါန်းဇွန်မြို့၊ အမှတ်(၁)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးနှင့် အမှတ်(၂) ရပ်ကွက်၊ အမကကျောင်းတို့၌ နိုင်ငံသားမှတ်ပုံတင်ကတ် ပျောက်ဆုံး/ပျက်စီးနေသူ ရပ်ကွက်နေ ပြည်သူများအား သွားရောက်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါကွင်ဆင်းဆောင်ရွက်နေမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသိန်းနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုကိုနိုင်