(၇၃)နှစ်မြောက် အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

ကျောက်ဆည် အောက်တိုဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး ၌ ယနေ့နံနက်(၈)နာရီခွဲ က(၇၃)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ကျောက်ဆည်ခရိုင်နှင့် ခရိုင်အုပ်ချုပ်မှုအောက်ရှိ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား မြို့နယ်အထွေထွေအေုပ်ချုပ်ရေးဝန်ထမ်းများမှ စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

ကျောက်ဆည်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်၊ ကျောက်ဆည်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးထိုက်ထိုက်ဇော်နှင့် ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါ်ဇာဇာသန်းဝေတို့က လိုအပ်မှုမရှိစေရေး အနီးကပ်ဖြည့်ဆည်းပေးခဲ့ပြီး သွေးလှူရှင်များအား ကြက်ဥ၊ ငှက်ပျော်သီး၊ အချိုရည်ဘူးနှင့် နွားနို့များ ပေးဝေခဲ့ကြောင်းနှင့် သွေးလှူရာ၌ အေသွေး(၉)လုံး၊ ဘီသွေး(၁၁)လုံး၊ အိုသွေး(၄)လုံး၊ အေဘီသွေး(၁)လုံး စုစုပေါင်း(၂၅)လုံး လှူဒါန်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)၊