ငါန်းဇွန် အောက်တိုဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ မြို့နယ်လူဝန်မှုကြီးကြပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းများသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးများ ပူးပေါင်းလျက် ယမန်နေ့နံနက် (၁၀) နာရီခွဲအချိန်က အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် အမှတ်(၄)ရပ်ကွက်၊ လောကချမ်းသာ ဓမ္မာရုံတို့၌ ပြည်သူများ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေဘဲ ဆန္ဒမဲပေးနိုင်စေရေးအတွက် နိုင်ငံသားမှတ်ပုံတင်ကတ် ပျောက်ဆုံး၊ ပျက်စီးနေသူများအား ရပ်ကွက်/ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ မြို့နယ်လူဝန်မှုကြီးကြပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းများသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်စာရေးများပူးပေါင်းလျက်ပြည်သူများ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေဘဲ ဆန္ဒမဲပေးနိုင်စေရေးအတွက် နိုင်ငံသားမှတ်ပုံတင်ကတ် ပျောက်ဆုံး/ ပျက်စီးနေသူ များအား ရပ်ကွက်/ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်(၁၀)နာရီခွဲက ငါန်းဇွန်မြို့၊ အမှတ်(၃)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးနှင့် အမှတ်(၄) ရပ်ကွက်၊ လောက ချမ်းသာဓမ္မာရုံတို့၌ ရပ်ကွက်နေပြည်သူများ ဆန္ဒမဲပေးနိုင်ရေး နိုင်ငံသားမှတ်ပုံတင်ကဒ် ပျောက်ဆုံး၊ ပျက်စီးနေသူများအား ယနေ့နံနက် (၁၀) နာရီခွဲက ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အဆိုပါကွင်ဆင်းဆောင်ရွက်နေမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသိန်းနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုကိုနိုင်
