ကော့သောင်း အောက်တိုဘာ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၅ ခုနှစ်၊ ကော့သောင်းမြို့၊ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ မြို့မအားကစားကွင်းတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား၊အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ အားကစားနည်း (၁၂)မျိုးကို ကော့သောင်းမြို့အတွင်းရှိ အခြေခံပညာကျောင်းများမှ ပြေးခုန်ပစ် အားကစားသမားများက အောက်တိုဘာ(၂၁)ရက်နေ့ စတင်၍ အားကစားပွဲစဉ်အလိုက် ယှဉ်ပြိုင်ခဲ့ကြပြီး ယနေ့တွင် ဗိုလ်လုပွဲ ပွဲစဉ်များ ယှဉ်ပြိုင်ခဲ့ကြရာ ကျောင်းပေါင်းစုံမှ အားကစားပြိုင်ပွဲဝင်များနှင့် အားကစားဝါသနာရှင်များ လာရောက်အားပေးခဲ့ကြသည်။ ယင်းနောက် ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြေးခုန်ပစ်အားကစားပြိုင်ပွဲအလိုက် ထူးချွန်ဆုရကျောင်းသား၊ကျောင်းသူများအား တာဝန်ရှိသူများက လည်ဆွဲဆုနှင့်ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ ကော့သောင်းမြို့၊အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား၊အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲတွင် အမျိုးသမီးတံခွန်စိုက်ဆုဖလားကို အထက(ခွဲ)ပုလုံးတုံတုံးကျောင်းမှလည်းကောင်း၊ အမျိုးသား တံခွန်စိုက်ဆုဖလားကို အထက(၂)ကျောင်းတို့မှ ရရှိခဲ့ကြကြောင်း သိရသည်။
ရူပါမြင့် (ပြန်/ဆက်)
