တွန်းဇံ ဒီဇင်ဘာ ၂၅
ချင်းပြည်နယ်၊ တွန်းဇံမြို့ပြည်သူ့ဆေးရုံ Isolation Room အတွက် လိုအပ်လျက်ရှိသော ပစ္စည်းများနှင့် တွန်းဇံမြို့ ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအတွက် စိတ်ဓာတ်ခွန်အား၊ ကိုယ်ကာယခွန်းအားများ ပြန်လည်ဖြည့်တင်းနိုင်စေရေးအတွက် စေတနာရှင်ပြည်သူများမှ အလှူငွေနှင့်ပစ္စည်းများ လာရောက်လှူဒါန်း ပေးလျက် ရှိကြောင်း မြို့နယ်ကျန်းမာရေး ဦစီးဌာနမှူးထံမှ သိရသည်။
တွန်းဇံမြို့ ပြည်သူ့ဆေးရုံးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသည့် လူနာများ ဆေးကုသမှုခံယူလျက်ရှိသည့် Isolation Room တွင် အသုံးပြုရန်နှင့် မြို့နယ်ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအတွက် ငွေနှင့်ပစ္စည်းများကို စေတနာရှင် ပြည်သူများမှ ဆက်လက် လာရောက်လှူဒါန်းပေးလျက်ရှိသည်။ (၂၃-၁၂-၂၀၂၀) ရက်နေ့တွင် Global Zomi Alliance (G.Z.A) အဖွဲ့အစည်းမှ တွန်းဇံမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် (WiFi machine တပ်ဆင်ရန်)နှင့် မြို့နယ်ပြည်သူ့ ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော ဝန်ထမ်းများအား ကိုယ်ကာယခွန်းအားများ ပြန်လည် ဖြည့်တင်း နိုင်စေရေးအတွက် ဝန်ထမ်းများအား ခရစ္စမတ် Dinner စီစဉ်နိုင်ရေးအတွက် အလှူငွေကျပ် (၁၀)သိန်းတိတိကို လည်းကောင်း၊ တွန်းဇံမြို့ ခေါဝုန်/လေးဆန် ရပ်ကွက်နေ AGAPE-2 Child Development Centre မိသားစုမှ တွန်းဇံမြို့နယ်ဆေးရုံ Isolation Room အတွက် လိုအပ်သော လျှပ်စစ် ရေနွေးအိုး(၅)လုံး၊ ခေါင်းအုံး(၁၀)လုံးနှင့် ခေါင်းအုံးစွပ်(၁၀)ခုကိုလည်းကောင်း(၂၄-၁၂-၂၀၂၀) ဦးအောင်သင်း(A.E) (ကျေးလက်လမ်းဦး စီးဌာန) မိသားစုမှ တွန်းဇံမြို့နယ်ဆေးရုံ COVID-19 positive လူနာရှင်များ အသုံးပြုနိုင်ရန်အတွက် Blanket အနွေးစောင် (၂)ထည် အသီးသီး လာရောက်လှူဒါန်းပေးလျက်ရှိကြောင်းနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနကလည်း အလှူရှင် ဂုဏ်ပြုမှတ်တမ်း လွှာများကို ပြန်လည် ပေးအပ်လျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထန်ရှန်းခိုင်ထံမှ သိရသည်။
ဝေဖြိုး(ဇလပ်မြေ)