မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

မိုင်းစံ  အောက်တိုဘာ  ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ပြိုင်ပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်အိဇာချိုမှ ပြိုင်ပွဲများပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ကျောင်းသားလူငယ်များအနေဖြင့် အသိပညာအတတ်ပညာ များ၊အတွေ့အကြုံဗဟုသုတများရရှိစေရန် ပြိုင်ပွဲများကို ပြုလုပ်ပေးနေခြင်းဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် မိမိတို့ဌာနမှပြုလုပ်ပေးသည့် ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်စေလိုကြောင်း၊ လူငယ်များ ပြိုင်ပွဲတိုင်းကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် စကားပြောစွမ်းရည်နှင့်အများရှေ့တွင် ရဲဝင့်စွာပြောဆိုနိုင်သည့် အလေ့အကျင့်ကောင်းများရှိလာပြီး ထူးချွန်ထက်မြတ်သည့် လူငယ်များဖြစ်လာမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကဗျာရွတ်ပြိုင်ပွဲကျင်းပရာ စာရေးဆရာမောင်နွေဦး(လယ်ဝေး)ရေးသားထားသော “မကွယ်လမင်း” ခေါင်းစဉ်ဖြင့် ကျောင်းသား/သူ စုစုပေါင်း(၂၅)ဦး ယှဉ်ခဲ့ရာ ဆုရကျောင်းသား /သူများအား မိုင်းစံပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်အိဇာချိုက ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

အိဇာချို(မိုင်းစံပြန်/ဆက်)