မူဆယ် အောက်တိုဘာ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ အခြေခံပညာမူလတန်းကျောင်း(စက်မှု)တွင် KG ကလေးငယ်များအား ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ထက်မြက်စေရန်ရည်ရွယ်၍ အာဟာရတိုက်ကျွေးခြင်းကို ယနေ့မွန်းတည့် (၁၂) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးငယ်များအား အာဟာရတိုက်ကျွေးခြင်းကို ဆောင်ရွက်ခြင်းဖြစ်ပြီး၊ ယနေ့တွင် အခြေခံပညာမူလတန်းကျောင်း (စက်မှု)မှ KG ကျောင်းသား/ကျောင်းသူ (၂၁)ဦးအား ထမင်း၊ ဝက်သားဟင်း၊ ကုလားပဲကြာဇံဟင်းရည်၊ ပုဇွန်ဘာလချောင်ကြော်တို့ဖြင့် အာဟာရတိုက်ကျွေးခဲ့ကြောင်း သိရှိရပါသည်။
ချယ်ရီမြေ (မူဆယ်)