တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အထူးပြုဘာသာရပ်များ မိတ်ဆက်ခြင်း အခမ်းအနားသို့ တက်ရောက်

ထားဝယ်   အောက်တိုဘာ ၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်တက္ကသိုလ်၏ Grade-12 ကျောင်းသား၊ ကျောင်းသူများအတွက် အထူးပြု ဘာသာရပ်များ မိတ်ဆက်ခြင်းအခမ်းအနားကို အောက်တိုဘာ ၁၀ ရက်နေ့နံနက် ၈ နာရီခွဲက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ဦးစွာ ထားဝယ်တက္ကသိုလ်မှ ဆရာ/မများက မြကျွန်းညိုညို သီချင်းဖြင့်  သီဆိုဖွင့်လှစ်သည်။

အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးနှင့် တက္ကသိုလ်ကျောင်းသားတစ်ဦး၏ ပညာသင်ကြားရပုံကို အတုယူအားကျစိတ်ဖြင့် တက္ကသိုလ်ဝင်တန်းတွင် ပညာကြိုစားသင်ယူနိုင်ကြရန် ဘာသာရပ်ဆိုင်ရာများမိတ်ဆက်ပေးခြင်းဖြင့် ကျောင်းသား/သူများ မိမိအားသန် ရာဘာသာရပ်များကို မှန်ကန်စွာရွေးချယ်နိုင်ပြီး တက္ကသိုလ်ပညာ သင်ယူတက်မြောက်လိုသည့် ဆန္ဒများ တိုးပွားလာစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ Grade-12 တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများအတွက် ထားဝယ်တက္ကသိုလ်၌ ဖွင့်လှစ်ပို့ချနေသော အထူးပြုဘာသာရပ်များအကြောင်းကို မိတ်ဆက်ပေးခြင်း အခမ်းအနားဖြစ်ကြောင်း၊  တက္ကသိုလ်သို့ပညာနို့ရည်သောက်ရန်ရောက်လာကြသောကျောင်းသား/သူများ အနေဖြင့် မြန်မာ့ပညာရေး မျှော်မှန်းချက်နှင့်အညီ အသိပညာ၊ တွေးခေါ်မျော်မြင်မှုနှင့်ဆင်ခြင်တုံ တရားမြင့်မားပြီး ဗလငါးတန်နှင့်ပြည့်စုံသော လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်လာစေရန်အတွက် လူတစ်ဦးချင်းစီ၏ ဘာသာရပ်ဆိုင်ရာ၊ နည်းပညာဆိုင်ရန်ကျွမ်းကျင်တက်မြောက်မှုကိုသာမ ၂၁ ရာစုကျွမ်းကျင်မှုများနှင့်ကိုယ်ရည် ကိုယ်သွေးများကို ဘက်စုံမြှင့်တင်ပေးမှာဖြစ်ကြောင်း၊စဉ်းစားသုံးသပ်တွေးခေါ်မှု၊ ပြဿနာဖြေရှင်းမှု၊ တီထွင်ဖန်တီးမှု၊ ဆန်းစစ်အကဲဖြတ်မှု၊ ပိုင်းခြားစိတ်ဖြာသုံးသပ်မှု၊ ပူးပေါင်းဆောင်ရွက်မှုအလိုက် သင့်ဆောင်ရွက်တတ်မှု၊ လူမှုဆက်ဆံရေး၊ စိတ်ခံစားချက် နားလည်မှု၊ တရားမျှတမှု၊ လောကနီတိဆိုင်ရာအပြုအမူနှင့် ဦးဆောင်တတ်မှု အစရှိသည့် ဘက်စုံကျယ်ပြန့်သော အရည်အသွေးများ၊ စွမ်းရည်များ၊ ကိုယ်ရည် ကိုယ်သွေးများ၊ အသိပညာ၊ အတတ်ပညာများကို ဘက်စုံပြည့်စုံစေရေးအတွက် နိုင်ငံတကာခေတ်မီသင်ရိုးညွှန်းတမ်းများနှင့် လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိကြောင်း၊ လူတိုင်းမှာ စိတ်ကူးအိပ်မက်များရှိကြပြီး စိတ်ကူးအိပ်မက်များကို အကောင်းဆုံး၊ အမြန်ဆုံး၊အသေချာဆုံးအကောင်အထည် ဖော်ပေးနိုင်မှာကတော့ ပညာသာဖြစ်ကြောင်း၊  ဘွဲ့တစ်ခုခုပိုင်ဆိုင် ထားခြင်းက စိတ်ကူးအိပ်မက်များအတွက် တွန်းအားတစ်ခုခု ဖြစ်သွားစေနိုင်ကြောင်း၊ ပညာ၏တန်ဖိုးကို သိနားလည်ကာ ပညာပြည့်ဝနှလုံးလှသူများဖြစ်အောင်တက္ကသိုလ်၏ အဆင့်မြင့် ပညာရပ်များကို လေ့လာဆည်းပူးကြရန် မိမိတို့အနာဂတ်ဘဝ ခရီးတလျှောက် လှပတင့်တယ်အောင် လျှောက်လှမ်းကြရန်လိုအပ်ကြောင်း၊“ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီး တည်ဆောက်အံ့”ဆိုသော ပညာရေးဆောင်ပုဒ်နှင့်အညီ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက် သော နိုင်ငံတော်ကြီး တည်ဆောက်ရာတွင် အဓိကစွမ်းအားစုများအဖြစ် အားထားရသော ဗလငါးတန် နှင့် ပြည့်စုံတဲ့ အနာဂတ်လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။ထို့နောက် ထားဝယ်တက္ကသိုလ် ၏ ပညာသင်နှစ် တစ်နှစ်တာ လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းများအားပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ် ဒုတိယပါမောက္ခချုပ်နှင့်ပါမောက္ခဌာနမှူးများ၊ ကျောင်းသား/သူများက ကြည့်ရှုအားပေးသည်။

ဆက်လက်၍ဘာသာရပ်အသီးသီးမှ ဆရာ/မများက ဘာသာရပ်အလိုက်မိတ်ဆက်ပြီးဆရာ/မများနှင့် ကျောင်းသား/သူများက တေးသီချင်းအကများဖြင့် သီဆိုဖျော်ဖြေကြကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)