၂၀၂၅ ခုနှစ် သီတင်းကျွတ် ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ နောက်ဆုံးရက်တွင် ဈေးလာရောက်ဝယ်ယူသူ ပြည်သူများဖြင့် စည်ကား

 အင်းစိန် အောက်တိုဘာ

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ကျင်းပလျက်ရှိသည့် ၂၀၂၅ခုနှစ် သီတင်းကျွတ် ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ နောက်ဆုံးရက် ယမန်နေ့က လာရောက်ဆင်နွှဲကြသော ရန်ကုန်မြို့နေအများ ပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

၂၀၂၅ ခုနှစ် သီတင်းကျွတ် ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ နောက်ဆုံးရက်ဖြစ်သည့်အတွက် နိုင်ငံကျော်တေးသံရှင်များက တေးသီ ချင်းများ၊ ဒီဂျေ(D၂)များဖြင့် ဖျော်ဖြေတင်ဆက်ကြရာ လူငယ်လူရွယ်အများအပြားက ကြည့်ရှုအားပေး၍ ပျော်ရွှင်စွာဖြင့် အတူလိုက်ပါသီဆို ကခုန်ခြင်းများဖြင့် ပျော်ရွှင်စွာဆင်နွှဲကြသည်။

ထို့ပြင် လူသုံးကုန်ပစ္စည်း၊ အလှကုန်ပစ္စည်းနှင့် အစားအသောက်စသည်တို့ကို ရောင်းချနေမှုများကိုလည်း ဝယ်ယူအားပေးကြသူများဖြင့် အထူးစည်းကားလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများက လာရောက်ကြည့်ရူ အားပေးကြပြီး ဈေးရောင်းချနေမှုများနှင့် ဈေးဝယ်လာသူများ၊ ပွဲတော်သို့လာရောက်လည်ပတ်ကြသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ကိုယ်တိုင်လည်း ဝယ်ယူအားပေးကြသည်။

ညပိုင်းတွင်လည်း  နိုင်ငံကျော်တေးသံရှင်များကတေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်နေမှုများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးပြီး ဈေးရောင်းချနေမှုများနှင့် ဈေးဝယ်လာသူများ၊ ပွဲတော်သို့ လာရောက် လည်ပတ်ကြသူများကို ရင်းရင်း နှီးနှီးနှုတ်ဆက်သည်။

အဆိုပါ ဈေးရောင်းပွဲတော်တွင် တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဒေသထွက်ကုန်ပစ္စည်းများနှင့် အစားအစာအရောင်းဆိုင်ခန်းများ၊ နိုင်ငံကျော် တေးသံရှင်များက တေးသီချင်းများနှင့် ဒီဂျေ (D၂) များ ဖြင့်ဖျော်ဖြေတင်ဆက်မှုများ၊ အလှပန်းခင်းများ၊ အလှမီးများ၊ မီးပုံးပျံလွှတ်တင်ခြင်းနှင့် မီးရှူးမီးပန်းများ ပစ်ဖောက်ပြီး အောက်တိုဘာလ(၄)ရက်နေ့မှ အောက်တိုဘာလ(၇)ရက်နေ့အထိ အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)