၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန် အောက်တိုဘာ

၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို  အောက်တိုဘာ ၉ ရက်နေ့ ညနေပိုင်းက တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာ အားကစားကွင်းအတွင်းရှိ ပဒေသာဘိလိယက်နှင့်စနူကာခန်းမတွင် ကျင်းပရာ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများ၊ ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ တိုင်းဒေသကြီး ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အသင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် တာဝန်ရှိသူများသည် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များအား ကြည့်ရှုအားပေးသည်။

ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားအား ကျင်းပရာပြိုင်ပွဲတွင် အမှတ်အများဆုံး ရရှိကြသည့် ရမှတ် (၁၀၀)မှတ်ဖြင့် ဘိလိယက် Highest Break ဆုကို ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ကျော်မင်း၊ ရမှတ်(၁၁၂)မှတ်ဖြင့် စနူကာ 15 - Red ဆုကို ရန်ကုန်တိုင်းဒေသကြီးအသင်းမှ အောင်ညီညီမောင်နှင့် ရမှတ်(၄၉)မှတ်ဖြင့် စနူကာ 6 - Red ဆုကို ရန်ကုန်တိုင်းဒေသကြီးအသင်းမှ သူရဇော်၊ ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ကျော်စွာဝင်း၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ တေဇာအောင်၊ ပူးတွဲ တတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းမှ အေးမင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းမှ ပြည့်ဖြိုးဝင်း၊ ဘိလိ ယက်နှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ကျော်စွာဝင်း+မင်းခန့်ကို၊ ဒုတိယဆုရရှိသည့် မန္တလေး တိုင်းဒေသကြီးအသင်းမှ အေးမင်း+ပြည့်ဖြိုးဝင်း၊ ပူးတွဲတတိယဆုရရှိသည့် ရှမ်းပြည်နယ်အသင်းမှ လှထွန်း+ရဲလင်းနှင့် ကရင်ပြည်နယ်အသင်းမှ ဝင်းဝင်းထွန်း+ နေလင်းဦး၊ စနူကာ 15 – Red တစ်ဦးချင်း ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မကွေး တိုင်းဒေသကြီးအသင်းမှ ကောင်းဈာန်ထက်၊ ဒုတိယဆုရရှိသည့် ရှမ်းပြည်နယ်အသင်းမှ မျိုးကိုထွေး၊ ပူးတွဲ တတိယဆုရရှိသည့်  ကရင်ပြည်နယ်အသင်းမှ ရဲရင့်မှူးနှင့် ကရင်ပြည်နယ်အသင်းမှ မှူးဝေယံ၊ စနူကာ 6 – Red တစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကရင်ပြည်နယ်အသင်းမှ ကိုကိုချစ်၊ ဒုတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ရဲထွဋ်နိုင်၊ ပူးတွဲ တတိယဆုရရှိသည့် ရှမ်း ပြည်နယ်အသင်းမှ ကမ္ဘာလင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ကျော်စွာလင်း၊ စနူကာ 15 – Red နှစ်ယောက်တွဲ ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကရင်ပြည်နယ်အသင်းမှ ရဲရင့်မှူး+ မှူးဝေယံ၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ အောင်ညီညီမောင်+ အောင်မြင့်၊ ပူးတွဲ တတိယ ဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းမှ ကျော်ဝင်းလှိုင်+လှမင်းထွန်းနှင့် ချင်းပြည်နယ်အသင်းမှ သက်ပိုင်ထက်+ ဟံသာလင်းတို့အား  မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများ၊ ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီးနှင့် မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ် ဥက္ကဌတို့က  တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီး ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် စနူကာ 6 – Red နှစ်ယောက်တွဲ ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မွန်ပြည်နယ်အသင်းမှ ရှိုင်းလင်းအောင်+သက်နိုင်ထွန်း၊ ဒုတိယဆုရရှိသည့် နေပြည်တော်အသင်းမှ ချစ်မိုး+ ချမ်းမင်းကျော်၊ ပူးတွဲတတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ကျော်စွာလင်း+ရဲထွဋ်နိုင်နှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ သူရဇော်+ သော်တာမင်းနှင့်အသင်းလိုက်တံခွန်စိုက်ဆုဖလားရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့အား ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ကော်မတီနာယက၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက  တစ်ဦးချင်း ဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် အသင်းလိုက် တံခွန် စိုက်ဆုဖလားကို ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)