တီးတိန် အောက်တိုဘာ ၈
ချင်းပြည်နယ်တီးတိန်မြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးဖို့မဲပေးကြပါစို့ ဆိုင်းဘုတ်များကို လူစည်ကားရာ လွယ်ဘွာလ်းရပ်ကွက်ရိဒ်လမ်းခွဲလမ်းစုံနှင့် စကောလမ်းရပ်ကွက်လွတ်လပ်ရေးကျောက်တိုင် လမ်းစုံတို့တွင် ယနေ့နံနက် ၁၀ နာရီက စိုက်ထူသည်။
အဆိုပါ ဆိုင်းဘုတ်စိုက်ထူရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ဟန်မင်းထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝင်းသန်းနှင့် ခရိုင်နှင့်မြို့နယ်ကော်မရှင်အဖွဲ့ခွဲကော်မတီဝင်များ ပါဝင်သည်။
ဆက်လက်၍ လမ်းသွားလမ်းလာပြည်သူများအား ဒေသဘာသာဖြင့် ရေးသားထားသော မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM အသုံးပြုပုံ အသိပညာပေး လက်ကမ်းစာဆောင်အား ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)