မြင်းခြံမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးဖို့ မဲပေးကြပါစို့ မြေစိုက်ပိုစတာစိုက်ထူ

မြင်းခြံ အောက်တိုဘာ ၇

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြပါစို့ မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့နံနက် (၈) နာရီ အချိန်မှစတင်၍ စိုက်ထူခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြပါစို့ မြေစိုက်ပိုစတာ စိုက်ထူအပြီးတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ အမွှေးနံ့သာများဖြင့် ပက်ဖျန်းခဲ့ကြသည်။

ပြည်သူများ ကျယ်ကျယ်ပြန့်ပြန်သိရှိနိုင်စေရန်အတွက် ပိုစတာများအား မြင်းခြံမြို့ လူစည်ကားရာ နေရာများဖြစ်သည့် မြင်းခြံ-ညောင်ဦး ကားလမ်း၊ မြင်းခြံ-မန္တလေး ကားလမ်းနှင့် မြို့လည် အ.ထ.က(၁)ကျောင်းရှေ့တို့တွင် စိုက်ထူပေးခဲ့ကြောင်း သိရသည်။

ချစ်ဦးနွေ(မြင်းခြံ)