မိုးညှင်း အောက်တိုဘာ ၆
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ပေါ်ရှိ အထင်ကရဘုရားများဖြစ်သည့် ပြည်လုံးချမ်းသာ ရွှေသာလျောင်းဘုရားကြီးနှင့် မြသိန်းတန်ဘုရားအပြင် အခြားစေတီများတွင်လည်း သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)၌ ဘုရားဖူးလာရောက်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ် သီတင်းကျွတ်လပြည့်ညတွင် ကချင်ပြည်နယ်တွင် အကြီးဆုံး ဖြစ်သည့် မိုးညှင်းမြို့ အရှေ့စုရပ်ကွက်ရှိ မြို့ကျက်သရေဆောင် ပြည်လုံးချမ်းသာ ရွှေသာလျောင်း ဘုရားကြီးနှင့် မြို့မရပ်ကွက်ရှိမြသိန်းတန်ဘုရားကြီးဝင်းတို့တွင် ဘုရားသို့ လာရောက်ဖူးမြော် ကြည်ညိုကြသည့် ဘုရားဖူးပြည်သူများကလည်း ပန်း၊ ဆီမီး၊ ရေချမ်းများ ဆက်ကပ်လှူဒါန်းခြင်း၊ အမွှေးနံ့သာများ ထွန်းညှိပူဇော်ခြင်း၊ ရွှေသင်္ကန်းများ ကပ်လှူပူဇော်ခြင်း၊ ဘက်စုံအလှူငွေများ ပါဝင်လှူဒါန်းခြင်း၊ ဘုရားရေသပ္ပာယ်ခြင်း၊ ငါးအစာကျွေးခြင်း၊ ဘုရားဝတ်ရွတ်အသင်းမှ ဝတ်ရွတ် ပူဇော်ကြခြင်းနှင့် ဥပုသ်သီလဆောက်တည်ကြခြင်းများအပြင် ဘုရားဖူးပြည်သူများအား အလှူရှင် များမှ စတုဒီသာအဖြစ် ရိုးရာဓလေ့မုန့်များနှင့် အအေးများတိုက်ကျွေးခြင်းများကို နှစ်စဉ် ပြုလုပ်ကြလျက်ရှိကြောင်း သိရသည်။
ရွှေမိုးညှင်း