တီးတိန် အောက်တိုဘာ ၅
ချင်းပြည်နယ်၊ တီးတိန်မြို့၌ ကမ္ဘာ့ဆရာများနေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စံကိုက်ညီကျောင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများက “မြတ်ဆရာ”သီချင်းဖြင့် ဂုဏ်ပြုသီဆိုကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝင်းသန်းက အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူးက ၂၀၂၅ ခုနှစ် ကမ္ဘာ့ဆရာများနေ့ကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းတင်ပြကာ တီးတိန်မြို့နယ်အတွင်းရှိ အသက်(၇၀)နှစ်ပြည့် သက်ကြီးဆရာ၊ ဆရာမ (၅၄)ဦးအား တာဝန်ရှိသူများက ကန်တော့ပစ္စည်းနှင့် ကန်တော့ငွေများ ပေးအပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ကန်တော့ခံ ဆရာ၊ ဆရာမများ၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီးများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)