တပ်ကုန်းမြို့နယ်၌ ငလျင်ဘေးကြောင့် လူနေအိမ်ပျက်စီးမှုဖြစ်ပွားခဲ့သည့် အိမ်ထောင်စုများအား ဆန်၊ ဆီ၊ ကုလားပဲများ ပေးအပ်

တပ်ကုန်း အောက်တိုဘာ ၃

ပြည်ထောင်စုနယ်မြ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်း မတ်လ ၂၈ ရက်က မန္တလေးမြေ ငလျင်လှုပ်ခတ်မှုကြောင့် လူနေအိမ်ပျက်စီးမှုဖြစ်ပွားခဲ့သည့် အိမ်ထောင်စုများအား ဆန်၊ ဆီ၊ ကုလားပဲများ ထောက်ပံ့ခြင်းကို အောက်တိုဘာ ၃ ရက်နံနက်ပိုင်းက ဘုရင့်နောင်ရပ်ကွက်၊ အိမ်ထောင်စုများအတွက် မိုဃ်းကောင်းဓမ္မာရုံတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါထောက်ပံ့ပေးအပ်ရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် မြန်မာနိုင်ငံတရုတ်ကုန်သည်ကြီးများအသင်းချုပ်တို့ ပူးပေါင်း၍ ဘုရင့်နောင်ရပ်ကွက်၊ လူနေအိမ်ပျက်စီးမှု ဖြစ်ပွားခဲ့သည့် အိမ်ထောင်စု ၂၅၀ အတွက် တစ်အိမ်ထောင်စုလျှင် ၂၄ ပြည်ဆံ့ ဆန်အိတ်နှစ်အိတ်၊ ဆီနှစ်ပိဿာ၊ ကုလားပဲနှစ်ပိဿာတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်