နေပြည်တော် အောက်တိုဘာ ၃
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် အောက်တိုဘာလ ၂ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သည့် နေပြည်တော်ကောင်စီနှင့် နေပြည်တော်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် မဲစာရင်းများ မှန်ကန်တိကျစွာ ပြုစုဆောင်ရွက်ရန်နှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်ရေး၊ ရုံးလုပ်ငန်းပိုင်းဆိုင်ရာ စာရွက်စာတမ်းများ၊ သတင်းအချက်အလက်များကို ပေါက်ကြားမှုမရှိစေရန် လုံခြုံရေးအထူးဂရုပြုဆောင်ရွက်ရေး၊ သဘာဝဘေးများ ကြိုတင်ကာကွယ်ရေးအတွက် လူ၊ စက်၊ ယာဉ်၊ ယန္တရားများကို စနစ်တကျကြိုတင်စုဖွဲ့ ပြင်ဆင်ထားရေးနှင့် ဇတ်တိုက်လေ့ကျင့်မှုများ အမြဲမပြက်ဆောင်ရွက်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးထွက်ကုန်များကို အခြေခံပြီး ကုန်ထုတ်လုပ်ငန်းများနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး၊ စိုက်ပျိုးရေးတွင် တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေး၊ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး၊ မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စနစ်တကျ စိုက်ပျိုးဆောင်ရွက်ရေး၊ မွေးမြူရေးတွင် အသားတိုးနွား၊ ဒေသနွား၊ ဆိတ်နှင့် ဥစားကြက်များ တိုးချဲ့မွေးမြူနိုင်ရေးနှင့် တိရိစ္ဆာန်အစာ၊ မြက်နှင့် နှံစားပြောင်းများကို ကိုယ်တိုင်စိုက်ပျိုးကျွေးမွေးနိုင်ရေး၊ နေပြည်တော်အတွင်း စိမ်းလန်းစိုပြေစေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေးအတွက် သစ်ပင်များ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ မြို့၊ ရွာများအတွင်း သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် အမြဲမပြတ်ဆောင်ရွက်နိုင်ရေး၊ နှစ်စဉ် စီမံကိန်းရည်မှန်းချက်များကို လျာထားချက်ကျော်လွန်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ မိုးရာသီတွင် ဖြစ်ပွားတက်သော ကူးစက်ရောဂါများ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ် ခြင်းလုပ်ငန်းများ အမြဲမပြတ်ဆောင်ရွက်ရေး၊ ငလျင်ဘေး ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရေး၊ ပြန်လည်ပြုပြင်တည်ဆောက်သည့် အဆောက်အဦများ၊ လမ်းတံတားများကို ငလျင်ဘေးဒဏ်ခံနိုင်မှုရှိအောင် စံချိန်၊ စံညွှန်းနှင့်အညီ စနစ်တကျတည်ဆောက်ရေး၊ ဌာနဆိုင်ရာများမှ မိမိတို့၏လုပ်ငန်းတာဝန်များအပြင် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရေးတို့ကို ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များမှာကြားကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
အောင်သူရဦး (ဒက္ခိဏ)