ညောင်ဦးမြို့နယ် မဲရုံ(၂၀၉)ရုံတို့တွင်  မဲဆန္ဒရှင်စာရင်းများကြေညာ 

ညောင်ဦး အောက်တိုဘာ  ၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း ၂၀၂၅ခုနှစ်ရွေးကောက်ပွဲအတွက် မြို့ပေါ်ရပ်ကွက်(၁၇)ရပ်ကွက်၊ ကျေးရွာအုပ်စု (၇၅) အုပ်စု၊  မဲရုံ(၂၀၉)ရုံတို့တွင်  ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကြေညာထားကြောင်း သိရသည်။

ညောင်ဦးမြို့နယ် မဲဆန္ဒနယ်မှ ၂၀၂၅ ခုနှစ် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး၏ လွှတ်တော်အသီးသီးတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသည့် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ ၁ ရက် နံနက် ၁၀ နာရီက သက်ဆိုင်ရာရပ်ကွက်နှင့်ကျေးရွာများ၌ နံရံကပ်ဘုတ်များဖြင့်ကြေညာ ပေးထား သည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှုအား မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာကော်မရှင် အဖွဲ့ဝင်များက မဲရုံများအလိုက် လိုက်လံ ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ ပြည်သူများအ‌နေဖြင့် မဲဆန္ဒရှင်စာရင်းတွင် မပါရှိပါက မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန်နှင့် မိမိအချက်အလက်များမှားယွင်းနေပါက ပြင်ဆင်ပေးနိုင်ရေးအတွက်လျှောက်ထား ရန်တို့အား ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တို့က ရှင်းလင်းပြောကြားခဲ့သည်။

ဒီပါလင်း