ဝမ်းတွင်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုများတွင် ပထမအကြိမ် မဲစာရင်းများကပ်ထားကြေညာထားရာ မဲပေးနိုင်သူ ၁၅၈၈၅၇ ဦးရှိ

ဝမ်းတွင်း အောက်တိုဘာ ၂

မန္တလေးတိုင်း‌ဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုများတွင် ပထမအကြိမ် မဲစာရင်းများကို စက်တင်ဘာလ ၃၀ ရက်နေ့မှ စတင်၍ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စုများရှိ ကော်မရှင်ရုံးများတွင် ကပ်ထားကြေညာထားရာ မဲပေးနိုင်သူ ၁၅၈၈၅၇ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်ပြည့်ပြီးသူတိုင်း မဲပေးနိုင်ရေး ပထမအကြိမ် မဲစာရင်းများ ကပ်ထားကြေညာခြင်းကို ဝမ်းတွင်းမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၏ ကြီးကြပ်မှုဖြင့် ဝမ်းတွင်းမြို့နယ် ရပ်ကွက်ကျေးရွာအုပ်စုများရှိ ကော်မရှင်ရုံး အသီးသီးတွင် ကပ်ထားကြေညာလျက်ရှိသည်။ ထိုသို့ မဲစာရင်းများ ပထမအကြိမ်ကြေညာရာတွင် ဝမ်းတွင်းမြို့နယ်တွင် မဲပေးနိုင်သူ ၁၅၈၈၅၇ ဦးရှိကြောင်းနှင့်  ပထမအကြိမ်မဲဆန္ဒရှင်စာရင်းများ ကြေငြာထားမှုနှင့်မဲစာရင်းကြည့်ရှုနေမှုများ မဲစာရင်းတွင် အမည်ပါဝင်မှုရှိမရှိတို့ကို မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြင့်သိန်းနှင့် တာဝန်ရှိသူများက မေးမြန်း စိစစ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

မြို့နယ်ပြန်/ဆက်