ကြာအင်းဆိပ်ကြီး အောက်တိုဘာ ၁
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာပေးခြင်းကို မြို့ပေါ်ရပ်ကွက်(၆)ခုရှိ ကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံး (၃) ရုံး၌ စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်မှစတင်၍ ထုတ်ပြန်ကြေညာသည်။ မြို့နယ်အတွင်း ပထမအကြိမ်မဲစာရင်းတွေ မဲဆန္ဒရှင်စာရင်းများတွင် ရပ်ကွက်/ကျေးရွာများရှိ အသက်(၁၈)နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသူ အမျိုးသား ၅၂၈၄ ဦး၊ အမျိုးသမီး ၄၈၅၁ ဦး စုစုပေါင်း မဲဆန္ဒရှင် ၁၀၁၃၅ ဦးရှိကြောင်း သိရသည်။
မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်း သွားရောက်ကြည့်ရှုပြီး မိမိတို့၏အမည်စာရင်းမဲစာရင်းတွင်မပါရှိပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းတို့ကို မဲစာရင်းထုတ်ပြန်ကြေညာထားသည့် စက်တင်ဘာ၃၀ရက်မှ အောက်တိုဘာ၁၃ရက်အတွင်းပြင်ဆင်လျှေက် ထားနိုင်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှသိရပါကြောင်းနှင့် အဆိုပါ မဲစာရင်းများကပ်ထားမှု အခြေအနေများနှင့်ပတ်သက်၍ ခရိုင်/မြိူ့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ သက်ဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
မြို့နယ် ပြန်/ဆက်