သရက်ချောင်း စက်တင်ဘာ ၂၉
“ခွေးရူးရောဂါကင်းစင်ရေး မနှေးအမြန်လက်တွဲပေး” ဆောင်ပုဒ်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ (၁၉) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ခွေးများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီက သရက်ချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာလမင်းကိုကိုကအခမ်းအနားသို့တက်ရောက်လာသူများအား ခွေးရူးရောဂါကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအကြောင်း၊ ခွေးရူးရောဂါကူးစက်ခံရနိုင်သည့်နည်းလမ်းများအကြောင်း၊ ခွေးများအား ကောင်းမွန်စွာကြည့်ရှုစောင့်ရှောက်ခြင်း၊ မျိုးမပွားအောင်ပြုလုပ်ခြင်းအကြောင်းများ၊ မိမိပတ်ဝန်းကျင်တွင် ခွေးရူးနေသည်ဟုသံသဃရှိပါက သတိပြုရမည့်အချက်များအကြောင်းစသည်ဖြင့် အကျယ်တဝင့်ရှင်းလင်းဟောပြောပြီးနောက် ခွေးများအား ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)