မြင်းခြံမြို့နယ်၌ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်မဲပေးနိုင်ရေး နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ကွင်းဆင်းပြုလုပ်ပေးလျက်ရှိ

မြင်းခြံ  ဩဂုတ် ၅

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးအရာရှိ ဦးစောလှမောင်ဦးဆောင်သော ဝန်ထမ်းများသည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် အသက် (၁၈) နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသူများအား အထောက်အထားများစိစစ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ကွင်းဆင်းပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

မြင်းခြံမြို့နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ဆောင်ရွက်ပေးခြင်း စီမံချက်ကို ဇူလိုင်လ ၄ ရက်နေ့မှစတင်ကာ အဖွဲ့(၃)ဖွဲ့ခွဲ၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့ ဩဂုတ်လ ၄ ရက်နေ့ထိ မြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်နှင့် ကျေးရွာ (၂၇) ရွာရှိ အသက် (၁၈) နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်မရှိသူ (၁၂၄၅) ဦးအား အထောက်အထားများစိစစ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ကွင်းဆင်းပြုလုပ်ပေးခဲ့ပြီး ကျန်ရှိနေသေးသည့် မြင်းခြံမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအား စဉ်ဆက်မပြတ် ကွင်းဆင်းပြု လုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြင်းခြံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးအရာရှိ ဦးစောလှမောင်ထံမှ သိရှိရသည်။

ကျော်စွာ(မြင်းခြံ)