တိုက်ကြီး စက်တင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်အတွင်းရှိ KTV ဆိုင်များနှင့် ယစ်မျိုးဆိုင်များ၌ ယစ်မျိုးလိုင်စင်မဲ့ မူးယစ်စေတတ်သည့် အဖျော်ယမကာများ ရောင်းချခြင်း၊ သောက်သုံးခြင်းနှင့် မူးယစ်ဆေးဝါးများ သုံးစွဲခြင်းမရှိစေရေး ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ ညနေ ၄ နာရီက ကြီးကြပ်စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဗီဒီယိုအခြေခံအဖွဲ့ခွဲ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သည့် ပူးပေါင်းအဖွဲ့က KTV ဆိုင်များ၌ လုပ်ငန်းလိုင်စင်၊ ယစ်မျိုးလိုင်စင်၊ မီးဘေးလုံခြုံရေးဆိုင်ရာ စစ်ဆေးထောက်ခံချက်၊ စည်ပင်လိုင်စင်၊ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲခြင်းရှိ/မရှိ ကြီးကြပ်စစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို မှာကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝတ်ရည် (ပြန်/ဆက်)