ညောင်ဦးခရိုင်၌ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ပေါ်ထွန်းဖြစ်ပေါ်လာရေး ကွင်းဆင်းစစ်ဆေး

ညောင်ဦး စက်တင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများ သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းများ(Clean and Schools) အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ခရိုင်အဆင့်လုပ်ငန်းအဖွဲ့က စက်တင်ဘာ ၂၅ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်မှစတင်ကာ  ကွင်းဆင်းစစ်ဆေးအကြံပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညောင်ဦးခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများ သန့်ရှင်း၍စိမ်းလန်းစိုပြေသောကျောင်းများ (Clean and Schools)ပေါ်ထွန်းလာရေးနှင့် ဆရာ၊ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ ကိုယ်တိုင်ပါဝင်သော သန့်ရှင်း၍စိမ်းလန်းစိုပြေသောကျောင်း အခြေခံစံနှုန်းအညွှန်းကိန်းနှင့်အညီဖြစ်ပေါ်စေရေးအတွက် ညောင်ဦးခရိုင်ပညာရေးမှူး၊ ဦးကျော်ဝင်း၊ ညောင်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်ကျော်စိုး၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ခရိုင်ဦးစီးမှူး ဒေါ်ရည်မွန်သူ၊ ညောင်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်တင့်တင့်အောင်တို့သည် ညောင်ဦးမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး)၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ဝါခင်းကြီးကျောင်းတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း